ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ပဋိသေႏၶတားႏိုင္ဖို႔ အမ်ားဆံုးအသံုးျပဳၾကတဲ့ ကြန္ဒံုးေတြအေပၚ ယံုၾကည္အားထားႏိုင္ေရးက သူတို႔ကို ဘယ္လို အသံုးျပဳ သလဲဆိုတဲ့ နည္းလမ္းေပၚမွာ မူတည္ပါတယ္။ ကြန္ဒံုးမွာလည္း အားနည္းခ်က္ေတြရွိပါတယ္။ ဒါေပမယ့္ ဂ႐ုစိုက္မယ္ ဆိုရင္ လူတိုင္း ေက်ာ္ ျဖတ္ႏိုင္ တဲ့ အားနည္းခ်က္ေတြပဲ ျဖစ္ပါတယ္။

ကြန္ဒံုး စြပ္ထားတဲ့ အခ်ိန္မွာ သူတို႔ရဲ႕ လိင္အဂၤါတင္းမာမႈကို ထိန္းမထားႏိုင္ဘူးလို႔ ေစာဒက တက္ၾကတဲ့ အမ်ိုးသားေတြ အမ်ားအျပားရွိပါတယ္။ တကယ္လို႔ ပံုမွန္အထူရွိတဲ့ ကြန္ဒံုးကိုသံုးမယ္ဆိုရင္ ဒီလို စိတ္မသက္သာစရာ ကိစၥမ်ိဳးေတြ ႀကံဳ ရတတ္ပါတယ္။ အဲဒါဆိုလွ်င္ ပါးလႊာေပမယ့္ အလားတူ ကာကြယ္မႈကိုေပးတဲ့ ကြန္ဒံုးမ်ိဳးကို ေျပာင္းၿပီး သံုးၾကည့္ သင့္ပါ တယ္။

ေနာက္ၿပီးေတာ့ အမ်ိဳးသား သံုးကြန္ဒံုးေတြဟာ အသံုးျပဳပံု မမွန္ကန္ရင္ ကၽြတ္ထြက္တာ၊ ေပါက္ၿပဲတာေတြ ျဖစ္တတ္ ပါတယ္။

Latex လို႔ေခၚတဲ့ ရာဘာသားနဲ႔ ဓာတ္မတည့္သူေတြအတြက္လည္း ကြန္ဒံုး အသံုးျပဳတဲ့ေနရာမွာ အဆင္မေျပမႈေတြ ရွိႏိုင္ ပါတယ္။ latex ကြန္ဒံုးေတြမွာပါ၀င္တဲ့ ဓာတုပစၥည္းေတြနဲ႔ မတည့္သူေတြဟာ polyurethane နဲ႔ ျပဳလုပ္ထားတဲ့ ကြန္ဒံုးကို သံုးရမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ Latex ကြန္ဒံုးကို အသံုးျပဳမယ္ဆိုရင္ ဆီကို အေျခခံတဲ့ ေခ်ာဆီေတြ မသံုးရပါဘူး။ Latex ကြန္ဒံုးေတြက ဆီနဲ႔ ေတြ႔တဲ့အခါ မိနစ္ပိုင္းအတြင္း ပ်က္စီးသြားႏိုင္လို႔ ျဖစ္ပါတယ္။ ဒါေၾကာင့္ ေရကို အေျခခံတဲ့ ေခ်ာဆီ ေတြကို အသံုးျပဳရပါမယ္။

အမ်ိဳးသမီး သံုး ကြန္ဒံုးကို အသံုးျပဳမယ္ဆိုရင္ ပိုၿပီးသတိထားရမွာ ျဖစ္ပါတယ္။ လိင္ဆက္ဆံမႈဟာ ကြန္ဒံုးရဲ႕ အတြင္းကိုပဲ ျဖစ္ရပါမယ္။ ကြန္ဒံုးရဲ႕ အျပင္ကေန ထိုးသြင္းမိတာမ်ိဳး မျဖစ္ရပါဘူး။

ကြန္ဒံုးက ပြတ္တိုက္မႈကိုတိုးေစပါတယ္။ တခါတေလမွာ လိင္ဆက္ဆံမႈျပဳဖို႕ ခက္ခဲတာမ်ိဳးျဖစ္လာတာ ကြန္ဒံုးေၾကာင့္ ျဖစ္ ေနတတ္ပါတယ္။

ကြဲျပားတဲ့ခံစားမႈေတြကိုေပးတဲ့ အမ်ိဳးအစားေတြ ဒါမွမဟုတ္ ပံုစံေတြ ကိုေျပာင္းလဲသံုးစြဲသင့္ပါတယ္။ တမ်ိဳးထဲကိုပဲ မၾကာ ခန သံုးစြဲေနမယ္ဆိုရင္ ခံစားခ်က္ ေလ်ာ့နည္းလာတာ၊ စိတ္ေက်နပ္မႈ သိပ္မရေတာ့တာ မ်ိဳးေတြ ျဖစ္ပါတယ္။

ကြန္ဒံုးက လိင္ဆက္ဆံမႈကတဆင့္ ကူးစက္တတ္တဲ့ေရာဂါေတြနဲ႔ မလိုခ်င္ဘဲ ကိုယ္၀န္ေဆာင္ရတဲ့ အျဖစ္ေတြ ကေနကာ ကြယ္ေပးပါတယ္။ ဒါေပမယ့္ အေရးႀကီးတာက တခုကို တခါပဲ သံုးစြဲဖို႔ ျဖစ္ပါတယ္။ ႏွေမ်ာလို႔ပဲ ျဖစ္ျဖစ္၊ အသစ္ မရွိလို႔ဘဲ ျဖစ္ျဖစ္ သံုးၿပီးသားကို ျပန္သံုးတာမ်ိဳးက သင့္ကို ထိေရာက္တဲ့ ကာကြယ္မႈေပးႏိုင္မွာ မဟုတ္ပါဘူး။

လိင္အဂၤါတင္းမာႏိုင္မႈပိုင္းမွာ ျပႆနာရွိတဲ့ အမ်ိဳးသားေတြ အတြက္ကေတာ့ လိင္ဆက္ဆံမႈမျပဳခင္ ကြန္ဒံုးစြပ္ရတာဟာ ခက္ခဲတဲ့ ကိစၥတခု ျဖစ္ႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေခတၱရပ္တန္႔ၿပီး ကြန္ဒံုးစြပ္ေနတဲ့ အခ်ိန္မွာ သူတို႔အတြက္က တင္းမာေနမႈကို ထိန္းထားႏိုင္ဖို႔ ခက္ခဲလို႔ ျဖစ္ပါတယ္။

ကြန္ဒံုးေတြကို ပံုသ႑န္ အရြယ္အစားအမ်ိဳးမ်ိဳး ရရွိေနတာကလည္း တခ်ိဳ႕အတြက္ ႐ႈပ္ေထြးစရာေတြ ျဖစ္လာႏိုင္ပါတယ္။ အရြယ္ အစားမွားယြင္းသြားၿပီဆိုရင္ လိင္ဆက္ဆံရင္း ကၽြတ္ထြက္သြားႏိုင္ပါတယ္။

အမ်ိဳးသမီးေတြ အေနနဲ႔လည္း ကြန္ဒံုးကို သတိထားၿပီးကိုင္တြယ္သင့္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ရဲ႕ ခၽြန္ ထက္တဲ့ လက္သည္းရွည္ေတြနဲ႔ ထိုးမိရင္ ကြန္ဒံုး ေပါက္ၿပဲႏိုင္လို႔ ျဖစ္ပါတယ္။ အေပၚက ထုတ္ပိုးထားတဲ့ ပလပ္စတစ္ ခြံကို ေဖာက္တဲ့ အခ်ိန္မွာလည္း ကြန္ဒံုး မေတာ္ တဆေပါက္ၿပဲတတ္ပါတယ္။

ကြန္ဒံုးမွာပါ၀င္တဲ့ spermicide လို႔ေခၚတဲ့ သုတ္ပိုးေသေဆးရည္နဲ႔ မတည့္သူေတြရွိေနတာကလည္း ကြန္ဒံုးသံုးစြဲရာမွာ အဆင္မေျပ ျဖစ္ ေစတဲ့ အေၾကာင္းတခုပါ။ တကယ္လို႔ လိင္ဆက္ဆံၿပီးတဲ့ အခ်ိန္မွာ အဖုအပိန္႔ ျဖစ္လာတာ၊ က်ိန္းစပ္ လာတာေတြ ရွိမယ္ဆိုရင္ nonoxynol-9 သို႔ မဟုတ္ nonoxynol-11 စတဲ့ spermicide ေတြ မပါ၀င္တဲ့ အမ်ိဳးအစား ကို ေျပာင္းလဲ သံုးစြဲၾကည့္သင့္ပါတယ္။

ကြန္ဒံုးဟာ စိတ္ခ်ရတဲ့ ပဋိသေႏၶတား ပစၥည္းတခု ျဖစ္ပါတယ္။ ဒါေပမယ့္ အသံုးျပဳပံု ျပဳနည္းကေတာ့ မွန္ကန္ရမွာ ျဖစ္ပါ တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Irrawaddy

Unicode Version

ပဋိသန္ဓေတားနိုင်ဖို့ အများဆုံးအသုံးပြုကြတဲ့ ကွန်ဒုံးတွေအပေါ် ယုံကြည်အားထားနိုင်ရေးက သူတို့ကို ဘယ်လို အသုံးပြု သလဲဆိုတဲ့ နည်းလမ်းပေါ်မှာ မူတည်ပါတယ်။ ကွန်ဒုံးမှာလည်း အားနည်းချက်တွေရှိပါတယ်။ ဒါပေမယ့် ဂရုစိုက်မယ် ဆိုရင် လူတိုင်း ကျော် ဖြတ်နိုင် တဲ့ အားနည်းချက်တွေပဲ ဖြစ်ပါတယ်။

ကွန်ဒုံး စွပ်ထားတဲ့ အချိန်မှာ သူတို့ရဲ့ လိင်အင်္ဂါတင်းမာမှုကို ထိန်းမထားနိုင်ဘူးလို့ စောဒက တက်ကြတဲ့ အမျိုးသားတွေ အများအပြားရှိပါတယ်။ တကယ်လို့ ပုံမှန်အထူရှိတဲ့ ကွန်ဒုံးကိုသုံးမယ်ဆိုရင် ဒီလို စိတ်မသက်သာစရာ ကိစ္စမျိုးတွေ ကြုံ ရတတ်ပါတယ်။ အဲဒါဆိုလျှင် ပါးလွှာပေမယ့် အလားတူ ကာကွယ်မှုကိုပေးတဲ့ ကွန်ဒုံးမျိုးကို ပြောင်းပြီး သုံးကြည့် သင့်ပါ တယ်။

နောက်ပြီးတော့ အမျိုးသား သုံးကွန်ဒုံးတွေဟာ အသုံးပြုပုံ မမှန်ကန်ရင် ကျွတ်ထွက်တာ၊ ပေါက်ပြဲတာတွေ ဖြစ်တတ် ပါတယ်။

Latex လို့ခေါ်တဲ့ ရာဘာသားနဲ့ ဓာတ်မတည့်သူတွေအတွက်လည်း ကွန်ဒုံး အသုံးပြုတဲ့နေရာမှာ အဆင်မပြေမှုတွေ ရှိနိုင် ပါတယ်။ latex ကွန်ဒုံးတွေမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေနဲ့ မတည့်သူတွေဟာ polyurethane နဲ့ ပြုလုပ်ထားတဲ့ ကွန်ဒုံးကို သုံးရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Latex ကွန်ဒုံးကို အသုံးပြုမယ်ဆိုရင် ဆီကို အခြေခံတဲ့ ချောဆီတွေ မသုံးရပါဘူး။ Latex ကွန်ဒုံးတွေက ဆီနဲ့ တွေ့တဲ့အခါ မိနစ်ပိုင်းအတွင်း ပျက်စီးသွားနိုင်လို့ ဖြစ်ပါတယ်။ ဒါကြောင့် ရေကို အခြေခံတဲ့ ချောဆီ တွေကို အသုံးပြုရပါမယ်။

အမျိုးသမီး သုံး ကွန်ဒုံးကို အသုံးပြုမယ်ဆိုရင် ပိုပြီးသတိထားရမှာ ဖြစ်ပါတယ်။ လိင်ဆက်ဆံမှုဟာ ကွန်ဒုံးရဲ့ အတွင်းကိုပဲ ဖြစ်ရပါမယ်။ ကွန်ဒုံးရဲ့ အပြင်ကနေ ထိုးသွင်းမိတာမျိုး မဖြစ်ရပါဘူး။

ကွန်ဒုံးက ပွတ်တိုက်မှုကိုတိုးစေပါတယ်။ တခါတလေမှာ လိင်ဆက်ဆံမှုပြုဖို့ ခက်ခဲတာမျိုးဖြစ်လာတာ ကွန်ဒုံးကြောင့် ဖြစ် နေတတ်ပါတယ်။

ကွဲပြားတဲ့ခံစားမှုတွေကိုပေးတဲ့ အမျိုးအစားတွေ ဒါမှမဟုတ် ပုံစံတွေ ကိုပြောင်းလဲသုံးစွဲသင့်ပါတယ်။ တမျိုးထဲကိုပဲ မကြာ ခန သုံးစွဲနေမယ်ဆိုရင် ခံစားချက် လျော့နည်းလာတာ၊ စိတ်ကျေနပ်မှု သိပ်မရတော့တာ မျိုးတွေ ဖြစ်ပါတယ်။

ကွန်ဒုံးက လိင်ဆက်ဆံမှုကတဆင့် ကူးစက်တတ်တဲ့ရောဂါတွေနဲ့ မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ရတဲ့ အဖြစ်တွေ ကနေကာ ကွယ်ပေးပါတယ်။ ဒါပေမယ့် အရေးကြီးတာက တခုကို တခါပဲ သုံးစွဲဖို့ ဖြစ်ပါတယ်။ နှမျောလို့ပဲ ဖြစ်ဖြစ်၊ အသစ် မရှိလို့ဘဲ ဖြစ်ဖြစ် သုံးပြီးသားကို ပြန်သုံးတာမျိုးက သင့်ကို ထိရောက်တဲ့ ကာကွယ်မှုပေးနိုင်မှာ မဟုတ်ပါဘူး။

လိင်အင်္ဂါတင်းမာနိုင်မှုပိုင်းမှာ ပြဿနာရှိတဲ့ အမျိုးသားတွေ အတွက်ကတော့ လိင်ဆက်ဆံမှုမပြုခင် ကွန်ဒုံးစွပ်ရတာဟာ ခက်ခဲတဲ့ ကိစ္စတခု ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခေတ္တရပ်တန့်ပြီး ကွန်ဒုံးစွပ်နေတဲ့ အချိန်မှာ သူတို့အတွက်က တင်းမာနေမှုကို ထိန်းထားနိုင်ဖို့ ခက်ခဲလို့ ဖြစ်ပါတယ်။

ကွန်ဒုံးတွေကို ပုံသဏ္ဍန် အရွယ်အစားအမျိုးမျိုး ရရှိနေတာကလည်း တချို့အတွက် ရှုပ်ထွေးစရာတွေ ဖြစ်လာနိုင်ပါတယ်။ အရွယ် အစားမှားယွင်းသွားပြီဆိုရင် လိင်ဆက်ဆံရင်း ကျွတ်ထွက်သွားနိုင်ပါတယ်။

အမျိုးသမီးတွေ အနေနဲ့လည်း ကွန်ဒုံးကို သတိထားပြီးကိုင်တွယ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ချွန် ထက်တဲ့ လက်သည်းရှည်တွေနဲ့ ထိုးမိရင် ကွန်ဒုံး ပေါက်ပြဲနိုင်လို့ ဖြစ်ပါတယ်။ အပေါ်က ထုတ်ပိုးထားတဲ့ ပလပ်စတစ် ခွံကို ဖောက်တဲ့ အချိန်မှာလည်း ကွန်ဒုံး မတော် တဆပေါက်ပြဲတတ်ပါတယ်။

ကွန်ဒုံးမှာပါဝင်တဲ့ spermicide လို့ခေါ်တဲ့ သုတ်ပိုးသေဆေးရည်နဲ့ မတည့်သူတွေရှိနေတာကလည်း ကွန်ဒုံးသုံးစွဲရာမှာ အဆင်မပြေ ဖြစ် စေတဲ့ အကြောင်းတခုပါ။ တကယ်လို့ လိင်ဆက်ဆံပြီးတဲ့ အချိန်မှာ အဖုအပိန့် ဖြစ်လာတာ၊ ကျိန်းစပ် လာတာတွေ ရှိမယ်ဆိုရင် nonoxynol-9 သို့ မဟုတ် nonoxynol-11 စတဲ့ spermicide တွေ မပါဝင်တဲ့ အမျိုးအစား ကို ပြောင်းလဲ သုံးစွဲကြည့်သင့်ပါတယ်။

ကွန်ဒုံးဟာ စိတ်ချရတဲ့ ပဋိသန္ဓေတား ပစ္စည်းတခု ဖြစ်ပါတယ်။ ဒါပေမယ့် အသုံးပြုပုံ ပြုနည်းကတော့ မှန်ကန်ရမှာ ဖြစ်ပါ တယ်။



ဖိုးသူတော် (www.phothutaw.com)
Credit:Irrawaddy


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top