ရက္ပိုင္း အလြန္အမင္း ေခတ္စားေနတဲ့ အခ်စ္ေရး သတင္းကေတာ့ EDM ပညာရွင္ Calvin Harris နဲ႔ အဆိုေတာ္မေလး Taylor Swift တို႔ လမ္းခြဲလိုက္တဲ့သတင္းပါပဲ။ ပိုၿပီး စိတ္၀င္စားဖို႔ေကာင္းတာက သူတို႔ ႏွစ္ေယာက္ လမ္းခြဲၿပီး ႏွစ္ပတ္ခန္႔အၾကာမွပဲ Taylor Swift ဟာ ရုပ္ရွင္သရုပ္ေဆာင္ တစ္ေယာက္ျဖစ္တဲ့ Tom Hiddleston နဲ႔ လ်င္ျမန္စြာ လက္တြဲ လိုက္တာပဲ ျဖစ္ပါတယ္။ ဒါဟာ Calvin Harris အတြက္ ေတာ္ေတာ္ေလး ခံစားေနရမယ့္ ကိစၥျဖစ္ေပမယ့္လည္း Calvin Harris က အၿပံဳးမပ်က္ ဆက္လက္ ရပ္တည္ေနႏိုင္တာကို ေတြ႔ရမွာပါ။ အခုလို ရင္ဆိုင္ဖို႔ ခက္ခဲတဲ့ လမ္းခြဲျပတ္စဲမႈေတြကို Calvin Harris ဘယ္လို ျဖတ္ေက်ာ္ခဲ့လဲ ဆိုတာကို ေလ့လာၾကည့္ရေအာင္။

၁။ သင့္ရည္းစားေဟာင္း နဲ႔ ပတ္သက္သမွ်ကို သင့္ Instagram အေကာင့္မွာ ဖ်က္ပစ္လိုက္ပါ

Calvin Harris ရဲ ႔ Instagram အေကာင့္ကို အခုအခ်ိန္မွာ ၀င္ၾကည့္လိုက္တာနဲ႔ အရင္တုန္းက ရွိခဲ့တဲ့ Taylor Swift နဲ႔ ၂ ေယာက္တြဲ ဓါတ္ပံုေတြအားလံုးကို ေတြ႔ရေတာ့မွာ မဟုတ္ပါဘူး။ တစ္ခ်ိဳ ႔ဓါတ္ပံုေတြဟာ Calvin  နဲ႔ Taylor ရဲ ႔ လွပတဲ့ အမွတ္တရ ဓါတ္ပံုေတြပါ။ ဒါေပမယ့္လည္း ဘယ္ေလာက္ပဲ အမွတ္တရ ျဖစ္ေနပါေစ လမ္းခြဲလိုက္ၿပီျဖစ္တဲ့ ရည္းစားေဟာင္းနဲ႔ ပတ္သက္သမွ် အားလံုးကို Delete လုပ္ ဖ်က္ဆီးလိုက္ျခင္းဟာ သင့္ကို ခံစားေနရတာေတြ သိသိသာသာ ေပ်ာက္ကင္းသြားေစမွာပါ။

၂။ ကိုယ္နဲ႔ အဆက္အဆံရွိတဲ့ မိန္းမေခ်ာေလးေတြ ၊ နာမည္ႀကီး မိန္းကေလးေတြရဲ ႔ ဓါတ္ပံုေတြကို တင္ပါ

Taylor Swift နဲ႔ လမ္းခြဲ ၿပီး မၾကာခင္မွာပဲ Calvin Harris ဟာ သူ႔ရဲ ႔ Instagram အေကာင့္မွာ Rihanna ရဲ ႔ ဓါတ္ပံုေတြကို တစ္ပံုၿပီး တစ္ပံုတင္ခဲ့ပါတယ္။ သင္နဲ႔ အခ်စ္ေရးဆန္ဆန္ ပတ္သက္မႈမရွိေပမယ့္လည္း နာမည္ႀကီး မိန္းကေလး ၁ ေယာက္ (သို႔) လွပတဲ့ သူငယ္ခ်င္း မိန္းကေလး ၁ ေယာက္ရဲ ႔ ဓါတ္ပံုေတြကို သင့္အေကာင့္မွာ တင္လိုက္ျခင္းအားျဖင့္ လမ္းခြဲၿပီးကာစ သင့္ ရည္းစားေဟာင္းကို အလြယ္တကူ ေမ့သြားႏိုင္မွာပါ။

၃။ လူမႈကြန္ယက္မွာ ခံစားရတဲ့ အေၾကာင္းေတြ ေရးပါ ၊ ၿပီးရင္ ခ်က္ခ်င္း Delete ျပန္လုပ္ပါ

Calvin Harris ဟာ Taylor Swift နဲ႔ ျပတ္ကာစမွာပဲ သူ႔အေနနဲ႔ စိတ္ဓါတ္က်စရာ ျဖစ္လာတဲ့အေၾကာင္းကို Twitter မွာ ေရးသားခဲ့ပါတယ္။ ဒါေပမယ့္ သိပ္မၾကာခင္မွာပဲ အဲဒီ Tweet ကို ျပန္ဖ်က္လိုက္ပါတယ္။ ဒါဟာ သင့္အေနနဲ႔ လမ္းခြဲလိုက္တဲ့ ရည္းစားေဟာင္းအတြက္ ခံစားရတယ္ဆိုလည္း ခဏပါပဲ လို႔ ကိုယ့္ကိုကိုယ္ သတိေပးလိုက္တာလည္း ျဖစ္ပါတယ္။

၄။ ရည္းစားေဟာင္းနဲ႔ ပတ္သက္တဲ့လူေတြကို လူမႈကြန္ယက္မွာ Block လုပ္လိုက္ပါ

သင့္ရည္းစားေဟာင္း နဲ႔ ပတ္သက္တဲ့လူေတြဟာ သင္တို႔ အခ်စ္ေရး ၿပိဳကြဲသြားမႈမွာ ဘာမွ မသက္ဆိုင္ဘူး ဆိုေပမယ့္လည္း သူတို႔ဟာ သင့္ရည္းစားေဟာင္းေၾကာင့္ သင္နဲ႔ ပတ္သက္ခဲ့ရသူေတြပါ။ ဒါေၾကာင့္ Block လုပ္လိုက္တာ အေကာင္းဆံုး ျဖစ္မွာပါ။ Calvin Harris ဟာလည္း Taylor Swift နဲ႔ လမ္းခြဲၿပီးတဲ့ေနာက္မွာ Kylie Jenner အပါအ၀င္ အျခား Taylor Swift ရဲ ႔ သူငယ္ခ်င္းေတြအားလံုးကို သူ႔ရဲ ႔  Twitter အေကာင့္ကေန Block လုပ္လိုက္ပါတယ္။ အဲဒါေၾကာင့္လည္း သူအျမန္ဆံုး လမ္းခြဲမႈဒဏ္ရာေတြကေန သက္သာလာတာ ျဖစ္ပါတယ္။

၅။ အလုပ္နဲ႔ ပတ္သက္တာေတြပဲ သင့္အေကာင့္မွာ တင္ပါ

သင္ဟာ ကိုယ့္ကိုကိုယ္ ခ်စ္တတ္သြားၿပိီဆိုရင္ ရည္းစားေဟာင္းကိုလည္း အလြယ္တကူ ေမ့လိုက္ႏိုင္မွာ ေသခ်ာပါတယ္။ Calvin Harris ဟာလည္း Taylor Swift နဲ႔ လမ္းခြဲၿပီးတဲ့ေနာက္ သူ႔ရဲ ႔ Instagram အေကာင့္မွာ သူ႔ ေဖ်ာ္ေျဖပြဲေတြက ဓါတ္ပံုေတြပဲ ဆက္တိုက္တင္လာတာကို ေတြ႔ရမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Trend Myanmar

#Unicode Version

ရက်ပိုင်း အလွန်အမင်း ခေတ်စားနေတဲ့ အချစ်ရေး သတင်းကတော့ EDM ပညာရှင် Calvin Harris နဲ့ အဆိုတော်မလေး Taylor Swift တို့ လမ်းခွဲလိုက်တဲ့သတင်းပါပဲ။ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက သူတို့ နှစ်ယောက် လမ်းခွဲပြီး နှစ်ပတ်ခန့်အကြာမှပဲ Taylor Swift ဟာ ရုပ်ရှင်သရုပ်ဆောင် တစ်ယောက်ဖြစ်တဲ့ Tom Hiddleston နဲ့ လျင်မြန်စွာ လက်တွဲ လိုက်တာပဲ ဖြစ်ပါတယ်။ ဒါဟာ Calvin Harris အတွက် တော်တော်လေး ခံစားနေရမယ့် ကိစ္စဖြစ်ပေမယ့်လည်း Calvin Harris က အပြုံးမပျက် ဆက်လက် ရပ်တည်နေနိုင်တာကို တွေ့ရမှာပါ။ အခုလို ရင်ဆိုင်ဖို့ ခက်ခဲတဲ့ လမ်းခွဲပြတ်စဲမှုတွေကို Calvin Harris ဘယ်လို ဖြတ်ကျော်ခဲ့လဲ ဆိုတာကို လေ့လာကြည့်ရအောင်။

၁။ သင့်ရည်းစားဟောင်း နဲ့ ပတ်သက်သမျှကို သင့် Instagram အကောင့်မှာ ဖျက်ပစ်လိုက်ပါ
Calvin Harris ရဲ့ Instagram အကောင့်ကို အခုအချိန်မှာ ဝင်ကြည့်လိုက်တာနဲ့ အရင်တုန်းက ရှိခဲ့တဲ့ Taylor Swift နဲ့ ၂ ယောက်တွဲ ဓါတ်ပုံတွေအားလုံးကို တွေ့ရတော့မှာ မဟုတ်ပါဘူး။ တစ်ချို့ဓါတ်ပုံတွေဟာ Calvin  နဲ့ Taylor ရဲ့ လှပတဲ့ အမှတ်တရ ဓါတ်ပုံတွေပါ။ ဒါပေမယ့်လည်း ဘယ်လောက်ပဲ အမှတ်တရ ဖြစ်နေပါစေ လမ်းခွဲလိုက်ပြီဖြစ်တဲ့ ရည်းစားဟောင်းနဲ့ ပတ်သက်သမျှ အားလုံးကို Delete လုပ် ဖျက်ဆီးလိုက်ခြင်းဟာ သင့်ကို ခံစားနေရတာတွေ သိသိသာသာ ပျောက်ကင်းသွားစေမှာပါ။

၂။ ကိုယ်နဲ့ အဆက်အဆံရှိတဲ့ မိန်းမချောလေးတွေ ၊ နာမည်ကြီး မိန်းကလေးတွေရဲ့ ဓါတ်ပုံတွေကို တင်ပါ
Taylor Swift နဲ့ လမ်းခွဲ ပြီး မကြာခင်မှာပဲ Calvin Harris ဟာ သူ့ရဲ့ Instagram အကောင့်မှာ Rihanna ရဲ့ ဓါတ်ပုံတွေကို တစ်ပုံပြီး တစ်ပုံတင်ခဲ့ပါတယ်။ သင်နဲ့ အချစ်ရေးဆန်ဆန် ပတ်သက်မှုမရှိပေမယ့်လည်း နာမည်ကြီး မိန်းကလေး ၁ ယောက် (သို့) လှပတဲ့ သူငယ်ချင်း မိန်းကလေး ၁ ယောက်ရဲ့ ဓါတ်ပုံတွေကို သင့်အကောင့်မှာ တင်လိုက်ခြင်းအားဖြင့် လမ်းခွဲပြီးကာစ သင့် ရည်းစားဟောင်းကို အလွယ်တကူ မေ့သွားနိုင်မှာပါ။

၃။ လူမှုကွန်ယက်မှာ ခံစားရတဲ့ အကြောင်းတွေ ရေးပါ ၊ ပြီးရင် ချက်ချင်း Delete ပြန်လုပ်ပါ
Calvin Harris ဟာ Taylor Swift နဲ့ ပြတ်ကာစမှာပဲ သူ့အနေနဲ့ စိတ်ဓါတ်ကျစရာ ဖြစ်လာတဲ့အကြောင်းကို Twitter မှာ ရေးသားခဲ့ပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ အဲဒီ Tweet ကို ပြန်ဖျက်လိုက်ပါတယ်။ ဒါဟာ သင့်အနေနဲ့ လမ်းခွဲလိုက်တဲ့ ရည်းစားဟောင်းအတွက် ခံစားရတယ်ဆိုလည်း ခဏပါပဲ လို့ ကိုယ့်ကိုကိုယ် သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။

၄။ ရည်းစားဟောင်းနဲ့ ပတ်သက်တဲ့လူတွေကို လူမှုကွန်ယက်မှာ Block လုပ်လိုက်ပါ
သင့်ရည်းစားဟောင်း နဲ့ ပတ်သက်တဲ့လူတွေဟာ သင်တို့ အချစ်ရေး ပြိုကွဲသွားမှုမှာ ဘာမှ မသက်ဆိုင်ဘူး ဆိုပေမယ့်လည်း သူတို့ဟာ သင့်ရည်းစားဟောင်းကြောင့် သင်နဲ့ ပတ်သက်ခဲ့ရသူတွေပါ။ ဒါကြောင့် Block လုပ်လိုက်တာ အကောင်းဆုံး ဖြစ်မှာပါ။ Calvin Harris ဟာလည်း Taylor Swift နဲ့ လမ်းခွဲပြီးတဲ့နောက်မှာ Kylie Jenner အပါအဝင် အခြား Taylor Swift ရဲ့ သူငယ်ချင်းတွေအားလုံးကို သူ့ရဲ့  Twitter အကောင့်ကနေ Block လုပ်လိုက်ပါတယ်။ အဲဒါကြောင့်လည်း သူအမြန်ဆုံး လမ်းခွဲမှုဒဏ်ရာတွေကနေ သက်သာလာတာ ဖြစ်ပါတယ်။

၅။ အလုပ်နဲ့ ပတ်သက်တာတွေပဲ သင့်အကောင့်မှာ တင်ပါ
သင်ဟာ ကိုယ့်ကိုကိုယ် ချစ်တတ်သွားပြီဆိုရင် ရည်းစားဟောင်းကိုလည်း အလွယ်တကူ မေ့လိုက်နိုင်မှာ သေချာပါတယ်။ Calvin Harris ဟာလည်း Taylor Swift နဲ့ လမ်းခွဲပြီးတဲ့နောက် သူ့ရဲ့ Instagram အကောင့်မှာ သူ့ ဖျော်ဖြေပွဲတွေက ဓါတ်ပုံတွေပဲ ဆက်တိုက်တင်လာတာကို တွေ့ရမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top