Credit: 7 Day Daily
#Unicode Version
အမေရိကန်အဆို တော် ခရစ္စတီးနားအက်ဂူလာရာ သည် အော်လန်ဒိုနိုက်ကလပ် တိုက်ခိုက်မှုတွင် သေဆုံးခဲ့သူများ နှင့် ကျန်ရစ်သူမိသားစုများကို ရည်စူးသည့် သီချင်းသစ်Change အတွက် တေးစာသားဗီဒီယိုထွက် ရှိခဲ့သည်။
ဇွန်လ ၁၂ ရက်က အမေ ရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့ရှိ လိင်တူစုံမက် သူများအကြား ရေပန်းစားသော Pulse နိုက်ကလပ်ကို အစ္စလာမ် မစ်သေနတ်သမားတစ်ဦးက ဝင် ရောက်ပစ်ခတ်ခဲ့ရာ လူ ၄၉ ဦး သေဆုံးခဲ့သည်။
ခရစ္စတီးနားအက်ဂူလာရာ က တေးသီချင်းသစ် Change ရောင်းချမှုမှ ရရှိလာသော အကျိုး အမြတ်ရာနှုန်းပြည့်ကို အော်လန် ဒိုတိုက်ခိုက်မှုအတွင်း နစ်နာခဲ့သူ များအား အကူအညီပေးမည့် အမျိုးသား ရိုင်းပင်းကူညီမှု ရန်ပုံ ငွေအဖွဲ့သို့ လှူဒါန်းမည်ဟု ကြေ ညာသည်။
အမေရိကန်ရုပ်ရှင်ထုတ် လုပ်ရေးကုမ္ပဏီ Walt Disney ကလည်း အော်လန်ဒိုတိုက်ခိုက်မှု အတွင်း နစ်နာခဲ့သူများကို ကူညီ ရန် One Orlando Fund ရန်ပုံငွေ အဖွဲ့သို့ ကန်ဒေါ်လာတစ်သန်းလှူ ဒါန်းမည်ဟု ပြီးခဲ့သည့် သီတင်း ပတ်အတွင်း ကြေညာခဲ့သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7 Day Daily
Home
»
လူမှု့ဘဝ
»
သတင်း
»
အနုပညာ
»
နိုင်ငံတကာ
» အော်လန်ဒိုတိုက်ခိုက်မှုအတွင်း နစ်နာခဲ့သူတွေအတွက် လှူဒါန်းမယ့် ခရစ္စတီးနားအက်ဂူလာရာ
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။