မိဘတစ္ဦးျဖစ္ရတာ ဂုဏ္ယူစရာကိစၥ ျဖစ္ေပမယ့္ ခက္ခဲတဲ့အလုပ္ တစ္ခုလည္းပဲ ျဖစ္ပါေသးတယ္။ မိမိကေလးကို ကိုယ္တိုင္ျပဳစု ေစာင့္ေရွာက္ရတာ ေပ်ာ္စရာေကာင္းေပမယ့္ တစ္ခါတေလေတာ့လည္း အခက္အခဲေတြ ရွိႏိုင္ပါတယ္။ အခက္အခဲ တစ္ခုကေတာ့ ကေလးငယ္ေတြရဲ႕ အိပ္စက္မႈ ျပႆနာပဲ ျဖစ္ပါတယ္။

           ေမြးကင္းစ ကေလးငယ္ေတြ အေနနဲ႔ ေတာ့ ေန႔ဘက္အိပ္ၿပီး ညဘက္ပံုမွန္ ႏိုးေနတတ္ျခင္းက က်န္းမာတဲ့ လကၡဏာပါ။ ဒါေပမဲ့ ႀကီးျပင္းလာတာနဲ႔အမွ် သူတို႔ေလးေတြရဲ႕ အိပ္စက္မႈပံုစံက ေျပာင္းလဲသြားၿပီး ညဘက္အိပ္စက္ လာၾကပါၿပီ။

          သို႔ေသာ္လည္း တစ္ခါတစ္ရံ မွာေတာ့ ကေလးငယ္ေတြဟာ ဂ်ီက် ၿပီး ေတာ္ေတာ္နဲ႔ မအိပ္ၾကပါဘူး။ မိဘေတြဟာ ကေလးငယ္ေတြ ည ဘက္ႏိုးႏိုးလာတာကို ပူပန္တတ္ ၾကပါတယ္။ ျဖစ္ရတဲ့အေၾကာင္း အရင္းေတြက မ်ားစြာရွိသလို အဲဒီ ျပႆနာေတြကို ေျဖရွင္းဖို႔ နည္း လမ္းမ်ားလည္းရွိပါတယ္။

၁။ ဗိုက္ဆာျခင္းႏွင့္ ေရဆာျခင္း

          တခ်ဳိ႕ကေလးငယ္ေတြက ဆာေလာင္မႈေၾကာင့္ ညဘက္ႏိုးလာတာ ျဖစ္ၾကပါတယ္။ ကေလးငယ္ကို အခ်ိန္ မွန္မွန္ ႏို႔တိုက္ေကၽြးထားတာေတာင္ မွ ကေလးငယ္ဟာ အိပ္စက္ေနစဥ္နဲ႔ မအိပ္ခင္မွာ ဆာေလာင္ႏိုင္ပါတယ္။ အေၾကာင္းအရင္းက မိခင္ႏို႔ရည္ဟာ အစာေခ်ဖ်က္မႈ ျမန္ဆန္လို႔ ျဖစ္ပါ တယ္။ သင့္ကေလးငယ္ဟာ အသက္ ေျခာက္လနဲ႔ အထက္ျဖစ္ၿပီး အစာအဖတ္ေတြ မစားေသးဘူးဆိုရင္ ညဘက္ မၾကာခဏ ႏိုးႏိုင္ေျခ ရွိပါတယ္။ ဒါေၾကာင့္ ကေလးကို ႏို႔ဘူး တိုက္ေကၽြးတဲ့အခါ ႏို႔နည္းနည္း ထပ္ထည့္ပါ။ မိခင္ႏို႔ဆိုရင္ေတာ့ ပံုမွန္အတိုင္းသာ တိုက္ေကၽြးပါ။

     တစ္ေန႔လံုး ကေလးငယ္ကို ေရဓာတ္ျဖည့္ တင္းေပးပါ။ သင့္ကေလးငယ္က အသက္ေျခာက္လနဲ႔ အထက္ဆိုရင္ ႏို႔အျပင္ ေရတုိက္ႏိုင္ပါတယ္။ အသက္ ေျခာက္လေအာက္ ဆိုရင္ေတာ့ ေရမတိုက္ခင္ ဆရာ၀န္နဲ႔ ဦးစြာတိုင္ပင္ပါ။

၂။  Sleep Prop လုိအပ္ျခင္း

          Sleep Prop ဆိုတာ ၎ရွိေနမွ အိပ္ေပ်ာ္တတ္တဲ့ အရာမ်ဳိးကို ဆိုလိုတာပါ။ ကေလးငယ္ေတြမွာလည္း  Sleep Prop လုိအပ္ေကာင္း လိုအပ္ႏိုင္ပါတယ္။ ၎ Sleep Prop  မ်ားကေတာ့ အ႐ုပ္၊ ႏို႔ဘူး၊ ခ်ဳိလိမ္၊ ေခ်ာ့သိပ္ျခင္း၊ ပုခက္လႊဲသိပ္ျခင္း စသည္တို႔ ျဖစ္ႏိုင္ပါတယ္။  Sleep Prop မရွိဘဲ အိပ္တတ္တဲ့ ကေလးေတြကေတာ့ ညဘက္ႏိုးလာတယ္ ဆိုရင္ေတာင္ သူတို႔ဘာသာ ျပန္အိပ္ေပ်ာ္သြားႏိုင္ပါတယ္။ ဒါေပမဲ့ Sleep Prop နဲ႔ အိပ္စက္တာ အက်င့္ပါေနတဲ့ ကေလးေတြကေတာ့ သူတို႔ဘာသာ ျပန္မအိပ္ၾကပါဘူး။ ဒီျပႆနာကို ေျဖရွင္းနည္းကေတာ့ ကေလးငယ္ေတြကို အိပ္ငိုက္လာတာနဲ႔ အိပ္ရာထဲ ထည့္သိပ္ထားလိုက္ဖို႔ ျဖစ္ပါတယ္။

၃။ အိပ္ခ်ိန္ပံုေသမရွိျခင္း

          ကေလးငယ္ေတြ အတြက္ အိပ္ခ်ိန္ပံုေသရွိဖို႔က အေရးႀကီးပါတယ္။ ကေလးငယ္ေတြကို (မႏြမ္းနယ္ ေသးတဲ့အခါ) အရမ္းေစာေစာ မအိပ္ခိုင္းပါနဲ႔။ (ႏြမ္းနယ္ေနတဲ့အခါမွာ) အရမ္းေနာက္က်မွ မအိပ္ခိုင္းပါနဲ႔။ ဒါ့အျပင္ မြန္းလြဲႏွင့္ ညေနမ်ားမွာ မအိပ္ခိုင္းပါနဲ႔။ ကေလးငယ္အဖို႔ ညဘက္အိပ္ဖို႔ ခက္ခဲသြားပါလိမ့္မယ္။

၄။ အလြန္ႏြမ္းနယ္ ပင္ပန္းေနျခင္း

          ကေလးငယ္ေတြ အလြန္ႏြမ္းနယ္ ပင္ပန္းေနတဲ့အခါ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္မေပ်ာ္ဘဲ မၾကာခဏ ႏိုးလာတတ္ပါတယ္။ ဒါ့အျပင္ဆူညံေနတဲ့ ပတ္၀န္းက်င္၊ လူသံ၊ အ႐ုပ္သံ၊ စက္သံ စသည္တို႔ကလည္း ကေလးငယ္ အိပ္စက္ဖို႔ အေႏွာင့္အယွက္ ျဖစ္ေနပါလိမ့္မယ္။ မအိပ္ခင္ ကေလးငယ္ လႈပ္လႈပ္ရွားရွား ျဖစ္ေနျခင္းနဲ႔ ထိတ္လန္႔ေစျခင္း တို႔ကို ေရွာင္ရပါ မယ္။ ဒါ့ေၾကာင့္ ကေလးငယ္ မအိပ္စက္ခင္ ေရေႏြးေႏြးျဖင့္ ေရခ်ဳိးေပးျခင္း၊ ႏွိပ္နယ္ေပးျခင္း၊ ေထြးေပြ႕ေပးျခင္း၊ ပံုျပင္ေျပာျပျခင္း၊ လက္ျဖင့္ခ်ီကာ ေခ်ာ့သိပ္ေပးျခင္းတို႔ကို လုပ္ေဆာင္ေပးျခင္းျဖင့္ ကေလးငယ္က ၿငိမ္းခ်မ္းစြာ အိပ္စက္ႏိုင္မွာပါ။

၅။ က်န္းမာေရးဆိုင္ရာ ျပႆနာမ်ား

          ဗိုက္ေအာင့္ျခင္း၊ အေအးမိျခင္း၊ ေခ်ာင္းဆိုးျခင္း တို႔မွအစ သြားေပါက္ျခင္း အဆံုး စသည္တို႔ေၾကာင့္ ကေလးငယ္ေတြ အိပ္စက္ရ ခက္ခဲေစႏိုင္ပါတယ္။ ဗိုက္ေအာင့္ပါက ရွိန္းခိုကို ခ်က္တစ္၀ိုက္ လိမ္းေပးပါ။ သြားေပါက္ျခင္းေၾကာင့္လည္း အေနရခက္ႏိုင္တာေၾကာင့္ မိခင္ႏို႔တိုက္ျခင္းျဖင့္ သက္သာေစၿပီး ႏွစ္ၿခိဳက္စြာ အိပ္စက္ပါလိမ့္မယ္။

၆။ အနားမွာ ရွိေစလိုျခင္း

          တစ္ခါတစ္ရံ ကေလးငယ္ေတြဟာ ညဘက္ႏိုးလာၿပီး ျပန္အိပ္ဖို႔ကို ငိုယိုျငင္းဆိုၾကပါလိမ့္မယ္။ ကေလးငယ္ဟာ သူႏိုးလာတဲ့အခါမွာ အနီးအနားမွာ မိခင္မရွိလို႔ ေၾကာက္လန္႔ေနတာေၾကာင့္ ျဖစ္ပါတယ္။ ဒါေၾကာင့္ ကေလးအိပ္စက္စဥ္ အနားမွာေနၿပီး ေခ်ာ့သိပ္ေပးျခင္းက အိပ္စက္ဖို႔ ကူညီပါလိမ့္မယ္။

၇။ သက္ေသာင့္သက္သာ မရွိျခင္း

          သင့္ကေလးငယ္ဟာ သူအိပ္စက္ခဲ့စဥ္က ေနရာမဟုတ္ဘဲ ႏိုးလာတဲ့အခါ အျခား ေနရာျဖစ္ေနရင္ စိတ္ရႈပ္ေထြး ထိတ္လန္႔ၿပီး ျပန္မအိပ္ေတာ့ပါဘူး။ ဒါ့ေၾကာင့္ ကေလးကုိ ပံုမွန္သိပ္ေနက် ေနရာမွာသာ အိပ္စက္ပါေစ။ တစ္ခါတစ္ရံမွာ အပူခ်ိန္ေျပာင္းလဲမႈကလည္း အိပ္စက္မႈကို ထိခိုက္ေစႏိုင္လို႔ အေအး၊ အပူမွ်တေအာင္ထားပါ။ အခန္းတြင္း အလင္းေရာင္ကလည္း လန္႔ႏိုးေစတတ္ပါတယ္။ စိုစြတ္ေနတဲ့ ကေလး အႏွီးကလည္း ထိုနည္းအတူပါပဲ။

၈။ ေန႔အခ်ိန္တြင္ မအိပ္ျခင္း

          ေန႔အခ်ိန္ အိပ္စက္ျခင္းက ကေလးႀကီးထြားဖြံ႕ၿဖိဳးမႈ အတြက္ အေရးပါပါတယ္။ ဒါေပမဲ့လည္း ေန႔ဘက္မွာ မွန္ကန္တဲ့ အခ်ိန္မွာသာ အိပ္ေစဖို႔က အေရးႀကီးပါတယ္။ မြန္းလြဲေက်ာ္သြားတဲ့ အခ်ိန္ကို ေပးမအိပ္သင့္ပါဘူး။ မနက္ပိုင္းတို႔၊ ေန႔လယ္ အေစာပိုင္းတို႔မွာသာ အိပ္စက္ခိုင္းပါ။

၉။ စြမ္းရည္ဖြံ႔ၿဖိဳးလာျခင္း

          သင့္ကေလးငယ္ဟာ ေလးဘက္သြားျခင္း၊ ကန္ေက်ာက္ျခင္း၊ ထိုင္ျခင္း၊ မတ္တတ္ရပ္ျခင္း စသည့္ စြမ္းရည္အသစ္မ်ားကို တတ္ကၽြမ္းၿပီးကာစမွာ အၿမဲလိုလို စမ္းသပ္ၾကည့္ခ်င္စိတ္ ျဖစ္ေနပါလိမ့္မယ္။ တစ္ခါတစ္ရံမွာ အိပ္ေနရာကေန ထၿပီး လုပ္ေဆာင္ပါလိမ့္မယ္။ ဒါေၾကာင့္ ကေလးငယ္ကို ေန႔ဘက္မွာ အဲဒီ စြမ္းရည္သစ္ေတြကို အျပည့္အ၀ လုပ္ေဆာင္ပါေစ။

၁၀။ ေနေရာင္မရျခင္း

          ေန႔ဘက္မွာ ေနေရာင္ခံျခင္းနဲ႔ ညဘက္မွာ အေမွာင္ထုကို ထိေတြ႕ျခင္းတို႔က ကေလးငယ္ကို ေကာင္းေကာင္းမြန္မြန္ အိပ္စက္ေစပါတယ္။ ေနေရာင္ျခည္မွာ ကေလးႀကီးထြား ဖြံ႔ၿဖိဳးမႈအတြက္ အေရးပါတဲ့ vitamin D ပါ၀င္ပါတယ္။ ကေလးငယ္ကို မနက္ေစာေစာေနေရာင္နဲ႔ ထိေတြ႕ေပးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Messenger

Unicode Version

    မိဘတစ်ဦးဖြစ်ရတာ ဂုဏ်ယူစရာကိစ္စ ဖြစ်ပေမယ့် ခက်ခဲတဲ့အလုပ် တစ်ခုလည်းပဲ ဖြစ်ပါသေးတယ်။ မိမိကလေးကို ကိုယ်တိုင်ပြုစု စောင့်ရှောက်ရတာ ပျော်စရာကောင်းပေမယ့် တစ်ခါတလေတော့လည်း အခက်အခဲတွေ ရှိနိုင်ပါတယ်။ အခက်အခဲ တစ်ခုကတော့ ကလေးငယ်တွေရဲ့ အိပ်စက်မှု ပြဿနာပဲ ဖြစ်ပါတယ်။

           မွေးကင်းစ ကလေးငယ်တွေ အနေနဲ့ တော့ နေ့ဘက်အိပ်ပြီး ညဘက်ပုံမှန် နိုးနေတတ်ခြင်းက ကျန်းမာတဲ့ လက္ခဏာပါ။ ဒါပေမဲ့ ကြီးပြင်းလာတာနဲ့အမျှ သူတို့လေးတွေရဲ့ အိပ်စက်မှုပုံစံက ပြောင်းလဲသွားပြီး ညဘက်အိပ်စက် လာကြပါပြီ။

          သို့သော်လည်း တစ်ခါတစ်ရံ မှာတော့ ကလေးငယ်တွေဟာ ဂျီကျ ပြီး တော်တော်နဲ့ မအိပ်ကြပါဘူး။ မိဘတွေဟာ ကလေးငယ်တွေ ည ဘက်နိုးနိုးလာတာကို ပူပန်တတ် ကြပါတယ်။ ဖြစ်ရတဲ့အကြောင်း အရင်းတွေက များစွာရှိသလို အဲဒီ ပြဿနာတွေကို ဖြေရှင်းဖို့ နည်း လမ်းများလည်းရှိပါတယ်။

၁။ ဗိုက်ဆာခြင်းနှင့် ရေဆာခြင်း

          တချို့ကလေးငယ်တွေက ဆာလောင်မှုကြောင့် ညဘက်နိုးလာတာ ဖြစ်ကြပါတယ်။ ကလေးငယ်ကို အချိန် မှန်မှန် နို့တိုက်ကျွေးထားတာတောင် မှ ကလေးငယ်ဟာ အိပ်စက်နေစဉ်နဲ့ မအိပ်ခင်မှာ ဆာလောင်နိုင်ပါတယ်။ အကြောင်းအရင်းက မိခင်နို့ရည်ဟာ အစာချေဖျက်မှု မြန်ဆန်လို့ ဖြစ်ပါ တယ်။ သင့်ကလေးငယ်ဟာ အသက် ခြောက်လနဲ့ အထက်ဖြစ်ပြီး အစာအဖတ်တွေ မစားသေးဘူးဆိုရင် ညဘက် မကြာခဏ နိုးနိုင်ခြေ ရှိပါတယ်။ ဒါကြောင့် ကလေးကို နို့ဘူး တိုက်ကျွေးတဲ့အခါ နို့နည်းနည်း ထပ်ထည့်ပါ။ မိခင်နို့ဆိုရင်တော့ ပုံမှန်အတိုင်းသာ တိုက်ကျွေးပါ။

     တစ်နေ့လုံး ကလေးငယ်ကို ရေဓာတ်ဖြည့် တင်းပေးပါ။ သင့်ကလေးငယ်က အသက်ခြောက်လနဲ့ အထက်ဆိုရင် နို့အပြင် ရေတိုက်နိုင်ပါတယ်။ အသက် ခြောက်လအောက် ဆိုရင်တော့ ရေမတိုက်ခင် ဆရာဝန်နဲ့ ဦးစွာတိုင်ပင်ပါ။

၂။  Sleep Prop လိုအပ်ခြင်း

          Sleep Prop ဆိုတာ ၎င်းရှိနေမှ အိပ်ပျော်တတ်တဲ့ အရာမျိုးကို ဆိုလိုတာပါ။ ကလေးငယ်တွေမှာလည်း  Sleep Prop လိုအပ်ကောင်း လိုအပ်နိုင်ပါတယ်။ ၎င်း Sleep Prop  များကတော့ အရုပ်၊ နို့ဘူး၊ ချိုလိမ်၊ ချော့သိပ်ခြင်း၊ ပုခက်လွှဲသိပ်ခြင်း စသည်တို့ ဖြစ်နိုင်ပါတယ်။  Sleep Prop မရှိဘဲ အိပ်တတ်တဲ့ ကလေးတွေကတော့ ညဘက်နိုးလာတယ် ဆိုရင်တောင် သူတို့ဘာသာ ပြန်အိပ်ပျော်သွားနိုင်ပါတယ်။ ဒါပေမဲ့ Sleep Prop နဲ့ အိပ်စက်တာ အကျင့်ပါနေတဲ့ ကလေးတွေကတော့ သူတို့ဘာသာ ပြန်မအိပ်ကြပါဘူး။ ဒီပြဿနာကို ဖြေရှင်းနည်းကတော့ ကလေးငယ်တွေကို အိပ်ငိုက်လာတာနဲ့ အိပ်ရာထဲ ထည့်သိပ်ထားလိုက်ဖို့ ဖြစ်ပါတယ်။

၃။ အိပ်ချိန်ပုံသေမရှိခြင်း

          ကလေးငယ်တွေ အတွက် အိပ်ချိန်ပုံသေရှိဖို့က အရေးကြီးပါတယ်။ ကလေးငယ်တွေကို (မနွမ်းနယ် သေးတဲ့အခါ) အရမ်းစောစော မအိပ်ခိုင်းပါနဲ့။ (နွမ်းနယ်နေတဲ့အခါမှာ) အရမ်းနောက်ကျမှ မအိပ်ခိုင်းပါနဲ့။ ဒါ့အပြင် မွန်းလွဲနှင့် ညနေများမှာ မအိပ်ခိုင်းပါနဲ့။ ကလေးငယ်အဖို့ ညဘက်အိပ်ဖို့ ခက်ခဲသွားပါလိမ့်မယ်။

၄။ အလွန်နွမ်းနယ် ပင်ပန်းနေခြင်း

          ကလေးငယ်တွေ အလွန်နွမ်းနယ် ပင်ပန်းနေတဲ့အခါ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ဘဲ မကြာခဏ နိုးလာတတ်ပါတယ်။ ဒါ့အပြင်ဆူညံနေတဲ့ ပတ်ဝန်းကျင်၊ လူသံ၊ အရုပ်သံ၊ စက်သံ စသည်တို့ကလည်း ကလေးငယ် အိပ်စက်ဖို့ အနှောင့်အယှက် ဖြစ်နေပါလိမ့်မယ်။ မအိပ်ခင် ကလေးငယ် လှုပ်လှုပ်ရှားရှား ဖြစ်နေခြင်းနဲ့ ထိတ်လန့်စေခြင်း တို့ကို ရှောင်ရပါ မယ်။ ဒါ့ကြောင့် ကလေးငယ် မအိပ်စက်ခင် ရေနွေးနွေးဖြင့် ရေချိုးပေးခြင်း၊ နှိပ်နယ်ပေးခြင်း၊ ထွေးပွေ့ပေးခြင်း၊ ပုံပြင်ပြောပြခြင်း၊ လက်ဖြင့်ချီကာ ချော့သိပ်ပေးခြင်းတို့ကို လုပ်ဆောင်ပေးခြင်းဖြင့် ကလေးငယ်က ငြိမ်းချမ်းစွာ အိပ်စက်နိုင်မှာပါ။

၅။ ကျန်းမာရေးဆိုင်ရာ ပြဿနာများ

          ဗိုက်အောင့်ခြင်း၊ အအေးမိခြင်း၊ ချောင်းဆိုးခြင်း တို့မှအစ သွားပေါက်ခြင်း အဆုံး စသည်တို့ကြောင့် ကလေးငယ်တွေ အိပ်စက်ရ ခက်ခဲစေနိုင်ပါတယ်။ ဗိုက်အောင့်ပါက ရှိန်းခိုကို ချက်တစ်ဝိုက် လိမ်းပေးပါ။ သွားပေါက်ခြင်းကြောင့်လည်း အနေရခက်နိုင်တာကြောင့် မိခင်နို့တိုက်ခြင်းဖြင့် သက်သာစေပြီး နှစ်ခြိုက်စွာ အိပ်စက်ပါလိမ့်မယ်။

၆။ အနားမှာ ရှိစေလိုခြင်း

          တစ်ခါတစ်ရံ ကလေးငယ်တွေဟာ ညဘက်နိုးလာပြီး ပြန်အိပ်ဖို့ကို ငိုယိုငြင်းဆိုကြပါလိမ့်မယ်။ ကလေးငယ်ဟာ သူနိုးလာတဲ့အခါမှာ အနီးအနားမှာ မိခင်မရှိလို့ ကြောက်လန့်နေတာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကလေးအိပ်စက်စဉ် အနားမှာနေပြီး ချော့သိပ်ပေးခြင်းက အိပ်စက်ဖို့ ကူညီပါလိမ့်မယ်။

၇။ သက်သောင့်သက်သာ မရှိခြင်း

          သင့်ကလေးငယ်ဟာ သူအိပ်စက်ခဲ့စဉ်က နေရာမဟုတ်ဘဲ နိုးလာတဲ့အခါ အခြား နေရာဖြစ်နေရင် စိတ်ရှုပ်ထွေး ထိတ်လန့်ပြီး ပြန်မအိပ်တော့ပါဘူး။ ဒါ့ကြောင့် ကလေးကို ပုံမှန်သိပ်နေကျ နေရာမှာသာ အိပ်စက်ပါစေ။ တစ်ခါတစ်ရံမှာ အပူချိန်ပြောင်းလဲမှုကလည်း အိပ်စက်မှုကို ထိခိုက်စေနိုင်လို့ အအေး၊ အပူမျှတအောင်ထားပါ။ အခန်းတွင်း အလင်းရောင်ကလည်း လန့်နိုးစေတတ်ပါတယ်။ စိုစွတ်နေတဲ့ ကလေး အနှီးကလည်း ထိုနည်းအတူပါပဲ။

၈။ နေ့အချိန်တွင် မအိပ်ခြင်း

          နေ့အချိန် အိပ်စက်ခြင်းက ကလေးကြီးထွားဖွံ့ဖြိုးမှု အတွက် အရေးပါပါတယ်။ ဒါပေမဲ့လည်း နေ့ဘက်မှာ မှန်ကန်တဲ့ အချိန်မှာသာ အိပ်စေဖို့က အရေးကြီးပါတယ်။ မွန်းလွဲကျော်သွားတဲ့ အချိန်ကို ပေးမအိပ်သင့်ပါဘူး။ မနက်ပိုင်းတို့၊ နေ့လယ် အစောပိုင်းတို့မှာသာ အိပ်စက်ခိုင်းပါ။

၉။ စွမ်းရည်ဖွံ့ဖြိုးလာခြင်း

          သင့်ကလေးငယ်ဟာ လေးဘက်သွားခြင်း၊ ကန်ကျောက်ခြင်း၊ ထိုင်ခြင်း၊ မတ်တတ်ရပ်ခြင်း စသည့် စွမ်းရည်အသစ်များကို တတ်ကျွမ်းပြီးကာစမှာ အမြဲလိုလို စမ်းသပ်ကြည့်ချင်စိတ် ဖြစ်နေပါလိမ့်မယ်။ တစ်ခါတစ်ရံမှာ အိပ်နေရာကနေ ထပြီး လုပ်ဆောင်ပါလိမ့်မယ်။ ဒါကြောင့် ကလေးငယ်ကို နေ့ဘက်မှာ အဲဒီ စွမ်းရည်သစ်တွေကို အပြည့်အ၀ လုပ်ဆောင်ပါစေ။

၁၀။ နေရောင်မရခြင်း

          နေ့ဘက်မှာ နေရောင်ခံခြင်းနဲ့ ညဘက်မှာ အမှောင်ထုကို ထိတွေ့ခြင်းတို့က ကလေးငယ်ကို ကောင်းကောင်းမွန်မွန် အိပ်စက်စေပါတယ်။ နေရောင်ခြည်မှာ ကလေးကြီးထွား ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ vitamin D ပါဝင်ပါတယ်။ ကလေးငယ်ကို မနက်စောစောနေရောင်နဲ့ ထိတွေ့ပေးပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:Messenger
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top