စိတ္ဖိစီးမႈပံုမွန္ခံစားေနရျခင္းေၾကာင့္ စိတ္ေအးခ်မ္းမႈကို အေႏွာင့္ အယွက္ျဖစ္ေစႏုိင္ၿပီး အိပ္စက္မႈကို ထိခိုက္ကာ ကိုယ္ခံအားစနစ္ သာ အားနည္းေစသည္မဟုတ္ဘဲ ျပင္းထန္ေသာ စိတ္ဖိစီးမႈဒဏ္ကို ကာလၾကာရွည္စြာ ခံစားေနရပါက လိင္မႈဘဝအေႏွာင့္အယွက္ျဖစ္ ေစႏိုင္သည့္ ျပႆနာႀကံဳေတြ႕ႏိုင္သည္။

ျပင္းထန္ေသာ စိတ္ဖိစီးမႈႏွင့္ စိုးရိမ္စိတ္တို႔ေၾကာင့္ ေသြးတိုး လာၿပီး ကိုလက္စထေရာပမာဏျမင့္မားလာကာ လိင္စိတ္ျပင္းျပ လကၡဏာျပႆနာမ်ား ႀကံဳေတြ႕လာႏိုင္ေၾကာင္း ပညာရွင္မ်ားက သတိေပးသည္။

အကယ္၍ ယင္းျပႆနာႀကံဳေတြ႕ရပါက ျပင္းထန္ေသာ ႐ုပ္ပိုင္းဆိုင္ရာ ေနာက္ဆက္တြဲျပႆနာမ်ားျဖစ္လာႏိုင္ၿပီး အေရးႀကီးသည့္ ဆက္ဆံေရးကို ထိခိုက္လာႏိုင္သည္။

ယင္းေရာဂါျပႆနာကို အမ်ိဳးသားမ်ား မည္သည့္အသက္အ ရြယ္တြင္မဆို ႀကံဳေတြ႕ႏိုင္ေသာ္လည္း အသက္အရြယ္ႀကီးလာသည္ ႏွင့္အမွ် အႏၲရာယ္ပိုမ်ားလာေၾကာင္း သိရသည္။ ယင္းအေျခအေန ေၾကာင့္ စိတ္ႏွင့္ စိတ္ခံစားခ်က္ဆိုင္ရာ ဖိအားမ်ားလည္း သိသိသာ သာ ပိုမ်ားလာႏိုင္သည္။ အမ်ိဳးသားမ်ားသည္ ယင္းအေျခအေနကို  ေက်ာ္လႊားရန္ အခက္အခဲမ်ားႏွင့္ မၾကာခဏ ႀကံဳေတြ႕ရတတ္သည္။စိတ္ဖိစီးမႈႏွင့္ စိုးရိမ္မႈတို႔ကို နားလည္ႏိုင္ေသာ္လည္း အမ်ိဳး သားမ်ားအေနျဖင့္ ေဆြးေႏြးရန္ ေႏွာင့္ေႏွးမေနသင့္ဘဲ ေျဖရွင္းရန္ ႀကိဳးစားသင့္သည္ဟု ပညာရွင္မ်ားက ေျပာသည္။ မိမိသည္ ယင္းအေျခအေန ႀကံဳေတြ႕ေနရေၾကာင္း အိမ္ေထာင္ဖက္ကိုျဖစ္ေစ၊ မိတ္ ေဆြ (သို႔မဟုတ္) မိသားစုဝင္(သို႔မဟုတ္) ပညာရွင္ႏွင့္ျဖစ္ေစ ေဆြးေႏြးတိုင္ပင္ျခင္းျဖင့္ ေရာဂါအေျခအေန သက္သာလာႏိုင္ေၾကာင္း ဆရာဝန္မ်ားက ေျပာသည္။

လိင္စိတ္ျပင္းျပလကၡဏာ ျပႆနာမ်ား ျဖစ္ေပၚေစႏုိင္သည့္ အေျခခံအေၾကာင္းရင္းမ်ားတြင္ ႏွလံုးေရာဂါ ပါဝင္ၿပီး ေသြးထဲ၌ ကိုလက္စထေရာပမာဏျမင့္မားေနမႈ၊ ေသြးတိုးေရာဂါ၊ ဆီးခ်ိဳေရာ ဂါ၊ အဝလြန္ျခင္း၊ ကိုယ္ခံအားစနစ္ႏွင့္ ဆိုင္ေသာ ေရာဂါတို႔ကဲ့သို႔ ဆက္စပ္က်န္းမာေရးအေျခအေနမ်ားေၾကာင့္ အေျခအေန ပိုမိုဆုိး ရြားလာႏိုင္သည္။

ႏွစ္မ်ားစြာၾကာေအာင္ မေျဖရွင္းဘဲထားပါက ယင္းအေျခအ ေန ျပင္းထန္လာႏိုင္ေသာ္လည္း ေစာေစာစီးစီး စစ္ေဆးေတြ႕ရွိၿပီး မွန္ကန္ေသာ ကုသမႈခံယူျခင္းျဖင့္ ဆီးခ်ိဳေရာဂါ (သို႔မဟုတ္) ႏွလံုး ေသြးေၾကာဆိုင္ရာေရာဂါတို႔ကဲ့သို႔ ေဘးထြက္ဆိုးက်ိဳးမ်ားကို ႀကိဳ တင္ကာကြယ္ႏိုင္မည္ျဖစ္သည္။

အမ်ိဳးသားအမ်ားစုအတြက္ ေသာက္ေဆးျဖင့္ အဆင္ေျပႏိုင္ၿပီးအမ်ိဳးသားလိင္အဂၤါကို ေဆးထုိးျခင္းျဖင့္လည္း အဆင္ေျပႏိုင္သည္။ အကယ္၍ က်ားေဟာ္မုန္းပမာဏနည္းပါးျခင္းေၾကာင့္ လိင္စိတ္ျပင္း ျပလကၡဏာျပႆနာႀကံဳေနသည္ဆိုပါက က်ားေဟာ္မုန္းအစားထိုး ေပးရန္ လိုအပ္ႏိုင္ေၾကာင္း ပညာရွင္မ်ားက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 Day Daily

#Unicode Version

 စိတ်ဖိစီးမှုပုံမှန်ခံစားနေရခြင်းကြောင့် စိတ်အေးချမ်းမှုကို အနှောင့် အယှက်ဖြစ်စေနိုင်ပြီး အိပ်စက်မှုကို ထိခိုက်ကာ ကိုယ်ခံအားစနစ် သာ အားနည်းစေသည်မဟုတ်ဘဲ ပြင်းထန်သော စိတ်ဖိစီးမှုဒဏ်ကို ကာလကြာရှည်စွာ ခံစားနေရပါက လိင်မှုဘဝအနှောင့်အယှက်ဖြစ် စေနိုင်သည့် ပြဿနာကြုံတွေ့နိုင်သည်။


ပြင်းထန်သော စိတ်ဖိစီးမှုနှင့် စိုးရိမ်စိတ်တို့ကြောင့် သွေးတိုး လာပြီး ကိုလက်စထရောပမာဏမြင့်မားလာကာ လိင်စိတ်ပြင်းပြ လက္ခဏာပြဿနာများ ကြုံတွေ့လာနိုင်ကြောင်း ပညာရှင်များက သတိပေးသည်။

အကယ်၍ ယင်းပြဿနာကြုံတွေ့ရပါက ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲပြဿနာများဖြစ်လာနိုင်ပြီး အရေးကြီးသည့် ဆက်ဆံရေးကို ထိခိုက်လာနိုင်သည်။

ယင်းရောဂါပြဿနာကို အမျိုးသားများ မည်သည့်အသက်အ ရွယ်တွင်မဆို ကြုံတွေ့နိုင်သော်လည်း အသက်အရွယ်ကြီးလာသည် နှင့်အမျှ အန္တရာယ်ပိုများလာကြောင်း သိရသည်။ ယင်းအခြေအနေ ကြောင့် စိတ်နှင့် စိတ်ခံစားချက်ဆိုင်ရာ ဖိအားများလည်း သိသိသာ သာ ပိုများလာနိုင်သည်။ အမျိုးသားများသည် ယင်းအခြေအနေကို  ကျော်လွှားရန် အခက်အခဲများနှင့် မကြာခဏ ကြုံတွေ့ရတတ်သည်။စိတ်ဖိစီးမှုနှင့် စိုးရိမ်မှုတို့ကို နားလည်နိုင်သော်လည်း အမျိုး သားများအနေဖြင့် ဆွေးနွေးရန် နှောင့်နှေးမနေသင့်ဘဲ ဖြေရှင်းရန် ကြိုးစားသင့်သည်ဟု ပညာရှင်များက ပြောသည်။ မိမိသည် ယင်းအခြေအနေ ကြုံတွေ့နေရကြောင်း အိမ်ထောင်ဖက်ကိုဖြစ်စေ၊ မိတ် ဆွေ (သို့မဟုတ်) မိသားစုဝင်(သို့မဟုတ်) ပညာရှင်နှင့်ဖြစ်စေ ဆွေးနွေးတိုင်ပင်ခြင်းဖြင့် ရောဂါအခြေအနေ သက်သာလာနိုင်ကြောင်း ဆရာဝန်များက ပြောသည်။

လိင်စိတ်ပြင်းပြလက္ခဏာ ပြဿနာများ ဖြစ်ပေါ်စေနိုင်သည့် အခြေခံအကြောင်းရင်းများတွင် နှလုံးရောဂါ ပါဝင်ပြီး သွေးထဲ၌ ကိုလက်စထရောပမာဏမြင့်မားနေမှု၊ သွေးတိုးရောဂါ၊ ဆီးချိုရော ဂါ၊ အဝလွန်ခြင်း၊ ကိုယ်ခံအားစနစ်နှင့် ဆိုင်သော ရောဂါတို့ကဲ့သို့ ဆက်စပ်ကျန်းမာရေးအခြေအနေများကြောင့် အခြေအနေ ပိုမိုဆိုး ရွားလာနိုင်သည်။

နှစ်များစွာကြာအောင် မဖြေရှင်းဘဲထားပါက ယင်းအခြေအ နေ ပြင်းထန်လာနိုင်သော်လည်း စောစောစီးစီး စစ်ဆေးတွေ့ရှိပြီး မှန်ကန်သော ကုသမှုခံယူခြင်းဖြင့် ဆီးချိုရောဂါ (သို့မဟုတ်) နှလုံး သွေးကြောဆိုင်ရာရောဂါတို့ကဲ့သို့ ဘေးထွက်ဆိုးကျိုးများကို ကြို တင်ကာကွယ်နိုင်မည်ဖြစ်သည်။

အမျိုးသားအများစုအတွက် သောက်ဆေးဖြင့် အဆင်ပြေနိုင်ပြီးအမျိုးသားလိင်အင်္ဂါကို ဆေးထိုးခြင်းဖြင့်လည်း အဆင်ပြေနိုင်သည်။ အကယ်၍ ကျားဟော်မုန်းပမာဏနည်းပါးခြင်းကြောင့် လိင်စိတ်ပြင်း ပြလက္ခဏာပြဿနာကြုံနေသည်ဆိုပါက ကျားဟော်မုန်းအစားထိုး ပေးရန် လိုအပ်နိုင်ကြောင်း ပညာရှင်များက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7 Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top