ရာသက်ပန်မြေပိုင်ဆိုင်ခြင်းရရှိမည့် ဂရန်းမြကန်သာကွန်ဒို အထူးပရိုမိုးရှင်း အရောင်းပြပွဲ
×

၂၀၁၃ အကယ်ဒမီ နီးလာတာနဲ့အမျှ အနုပညာရှင်တွေရဲ့ ရင်ခုန်သံ ပိုမိုပြင်းထန်လာသလို အားပေးသူ ပရိသတ်တွေအနေနဲ့လဲ ဘယ်သူများရမလဲဆိုတဲ့ စိတ်ကူးတွေနဲ့ စိတ်လှုပ်ရှားလာကြတာကို တွေ့လာရပါတယ်။

၂၀၁၃ တွက် အကယ်ဒမီဇကာတင် ၃ကားပါဝင်နေသလို ၂၀၁၂ မှာလဲ ကလေးသရုပ်ဆောင် အထူးဆုကို ရရှိပိုင်ဆိုင်ထားတဲ့ ကလေးသရုပ်ဆောင် ယွန်းယွန်းရဲ့ အကယ်ဒမီ ရင်ခုန်သံနဲ့ပတ်သတ်ပြီး မေးမြန်းကြည့်တော့ သူမက “ယွန်းယွန်း ဒီနှစ်ထဲမှာ ၃ကားပါတယ်။ စေတန်ရယ်၊ ကြယ်စင်မော်ကွန်းရယ်၊ အဖြူရောင် ရဲတိုက်ရယ်ပေါ့။ စေတန်မှာတော့ ယွန်းယွန်း ပါတဲ့ အခန်းများသလို ဒါရိုက်တာကလဲ ဦးဝိုင်းဆိုတော့ အရမ်းကောင်းတယ်ပေါ့နော်။ လုပ်ကွက်လဲရတယ်။ အရမ်းလဲ သဘောကျတယ်။ နောက်ကားတွေကတော့ ယွန်းယွန်း ပါတာနည်းတယ်။ ဒါပေမဲ့ဒီနှစ်မှာ တော့ ကိုဟဲဗီးဖြိုးကို ရစေချင်ပါတယ်။ အကယ်ဒမီနဲ့ပတ်သတ်ပြီး ကြားနေတာကတော့ အဖြူရောင်ရဲတိုက်ထဲက ယွန်းရဲ့မေမေအဖြစ် သရုပ်ဆောင်တဲ့ မမအူဝဲကို ရစေချင်ပါတယ်။ အားလုံးကိုတော့ ရစေချင်ပါတယ်”တဲ့။ ယွန်းယွန်းရဲ့ အကယ်ဒမီပွဲတက် ၀တ်စုံကိုတော့ ဒီဇိုင်နာ အန်တီဌေးဌေးတင်က စီစဉ်ပေးမှာပါလို့သိရပါတယ်။ သူမဟာ လက်ရှိမှာ ကြော်ငြာတွေ ရိုက်ကူးဖြစ်နေပြီး အချိန်အားရင် ကားရိုက်လေးတွေပြန်ရိုက်ဖြစ်နေပါတယ်လို့ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Trend Myanmar
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top