ကလေးမြို့ ညောင်ပင် သာရပ်ကွက်နယ်မြေအမှတ် (၆) ရပ်ကွက် ကလေးမြို့မဈေးကြီး အတွင်းရှိ လက်ဖက်ရည်ဆိုင်တွင် ပရဟိတကျောင်းမှ အရွယ်မ ရောက်သေးသည့်ကလေးငယ် များကိုခေါ်ယူကာ စားပွဲထိုးအဖြစ် စေခိုင်းခဲ့သဖြင့် မြို့နယ်ရဲစခန်းသို့ အရေးယူပေးရန် တိုင်ကြားခဲ့ သည်။

အဆိုပါကလေးများမှာ က လေးမြို့ သာစည်ကျေးရွာရှိ အေးချမ်းဖြိုးလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာနှင့် ဘုန်းတော်ကြီးသင်စာသင်ကျောင်းမှ ကလေးများဖြစ်သောကြောင့် ဂေဟာမှူး ဦးကြာတင့်က တိုင်တန်းခဲ့ခြင်းဖြစ်သည်။

အခိုင်းခံခဲ့ရသည့်ကလေး ငယ်သုံးဦးမှာ ဇူလိုင် ၃၁ ရက်က ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး အသက် (၁၂)နှစ်၊ (၁၃)နှစ်နှင့် (၁၄)နှစ် အရွယ် ယောက်ျားလေးများဖြစ် ကြသည်။

ထို့ကြောင့် ကလေးငယ်များ ကိုလိုက်လံရှာဖွေရာ သြဂုတ် ၂ ရက်နံနက်က ပျောက်ဆုံးကလေး သုံးဦးသည် ကလေးမြို့မဈေးကြီးအတွင်းရှိ လက်ဖက်ရည်ဆိုင်ကြီးတစ်ဆိုင်၌ စားပွဲထိုးလုပ်ငန်းများဝင်ရောက်လုပ်ကိုင်နေသည်ကို ကျောင်းအကျိုးတော်ဆောင်အဖွဲ့က
 ပြန်လည်တွေ့ရှိခဲ့သဖြင့် လက်ဖက်ရည်ဆိုင်ပိုင်ရှင်ကို အရေးယူပေးရန် ဂေဟာမှူး ဦးကြာတင့်က ကလေးမြို့မရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့ခြင်း ဖြစ် သည်။

အထက်ပါဖြစ်စဉ်နှင့်ပတ် သက်၍ ကလေးမြို့မရဲစခန်းက (ပ)၄၁၅/၂၀၁၄ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၆၃ အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိ ကြောင်း ကလေးမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖိုးသူတော်(www.phothutaw.com)
Credit : 7Day Daily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top