RapperRickRossဟာသူ့ကိုဝရမ်းထုတ်ထားတဲ့ မြောက်ကာရိုလိုင်းနားပြည်နယ်က သောကြာနေ့ည
 ဖျော်ဖြေပွဲအပြီးမှာ ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးထိမ်းသိမ်းခြင်းကိုခံရတာဖြစ်ပါတယ်။

၂၀၁၃ ခုနှစ်တုန်းက အသက် ၃၈ နှစ်အရွယ် rapper ကို ဆေးခြောက်ပိုင်ဆိုင်မှုနဲ့ ဖမ်းပြီးတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က မဖြစ်မနေကြားနာရမယ့်ရုံးချိန်းကို တက်ရောက်ဖို့ အချိန်ကျပြီးပျက်ကွက်ခဲ့တာဖြစ်ပါတယ်။

Ross တစ်ယောက်ကံမကောင်းစွာနဲ့ပဲ Greensboro မှာရှိတဲ့ SuperJam မှာဖျော်ဖြေနေခဲ့တဲ့အတွက် ရဲကသူ့ကိုအလွယ်တကူဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီ့ဖမ်းဆီးမှုအတွက် အာမခံကြေးက ဒေါ်လာ ၁၀၀၀ ပဲရှိတဲ့အတွက် Gangsta rapper ကြီး Ross တစ်ယောက်မဆိုင်းမတွဘဲ ပေးဆောင်ပြီး လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

အဲဒီ့နောက်မှာ Ross ဟာ တနင်္ဂနွေနေ့ည လော့စ်အိန်ဂျလိစ်မြို့က BET Experience ဖျော်ဖြေပွဲသွားဖို့အတွက် လေယဉ်ပေါ်တက်သွားပါတော့တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: trend Myanmar
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top