×











မန္တလေးမြို့ ၇၈ လမ်းမ ပေါ်ရှိ ဒိုင်းမွန်းပလာဇာတွင် ဖွင့် လှစ်ထားသော LG အရောင်းပြ ခန်း၌ ဇွန်လ ၂၅ ရက်  ညက ဖောက်ထွင်းမှုတစ်ခု   ဖြစ်ပွားခဲ့ ကြောင်း သတင်းရရှိသည်။

ဖောက်ထွင်းခိုးယူခံရမှု ကြောင့် LG အရောင်းခန်းမအ တွင်း ပြသထားသည့် ပစ္စည်းများ ထဲမှ ကျပ်သိန်း ၇၀ ကျော်တန် ဖိုးရှိ ပစ္စည်း ၁၉ မျိုး ခိုးယူခံခဲ့ရ သည်ဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိ သည်။

စီစီတီဗီမှတ်တမ်းများအရ လူတစ်ဦးတည်းက ဖောက်ထွင်းခိုး ယူသွားခြင်းဖြစ်ကြောင်း အမှုစစ် ဆေးရာတွင် ပါဝင်သည့် ရဲအရာ ရှိတစ်ဦးမှ ပြောသည်။

ဒိုင်းမွန်းပလာဇာအတွင်း အဲ ကွန်းစနစ်များ ပြုပြင်လျက်ရှိရာ ပလာဇာအတွင်းရှိ အထပ်တိုင်း တွင် မျက်နှာကြက်များမှာပွင့်နေ ကြောင်း၊ ဒိုင်းမွန်းပလာဇာနှင့် ရတနာပုံစူပါစင်တာကြားရှိ လျှောက်လမ်းတွင်လည်း  အပေါက်များ ရှိပြီး ထိုသို့လုံခြုံရေး အားနည်းသည့်နေရာများကို အခွင့်ကောင်းယူကာပလာဇာအတွင်းသို့  ၀င်ရောက်ဖောက်ထွင်းခိုးယူသွားခြင်းဖြစ်နိုင်ကြောင်း   အထက်ပါရဲအရာရှိက ခန့်မှန်းသည်။

ဖောက်ထွင်းခံရခဲ့သည့်အ တွက် အောင်မြေသာစံမြို့နယ် အမှတ် (၈) ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားပြီး ဖောက်ထွင်း သူကို လိုက်လံရှာဖွေနေဆဲဖြစ် သည်။ ဒိုင်းမွန်းပလာဇာသည် မန္တ လေးမြို့တွင် အစည်ကားဆုံး  ဈေးဝယ်စင်တာတစ်ခုဖြစ်ပြီး ငါးထပ် အဆောက်အအုံဖြစ်သည်။ ပလာဇာအတွင်း အိုးရှင်စူပါမား ကက်၊ မင်္ဂလာအဆင့်မြင့် ရုပ်ရှင်ရုံစသည်များလည်း   ဖွင့်လှစ်ထား သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7day daily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top