ညှပ်ကြဦးမလား ကမ္ဘာ့ဖလား ဆံပင်ဒီဇိုင်းသစ်များ
ကျင်းပချိန် တစ်လအတွင်း တစ်ကမ္ဘာလုံးကို သိမ်းပိုက်နိုင် စွမ်းရှိတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပိုပြီးဆန်းသစ်အောင် လုပ်ပေးနိုင်တဲ့နေရာမှာ ဆံသဆရာ တစ်ယောက်ရဲ့ အခန်းကဏ္ဍ ပါဝင်တယ် ဆိုတာ အမေရိကန် ဆံသဆရာ ရော့ဖာရယ်က သက်သေပြလိုက်ပါပြီ။
ရော့ဖာရယ်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း သူ့ဆိုင်မှာ ဆံပင်လာညှပ်သူတွေကို ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒို၊ အမေရိကန် ဂိုးသမား တင်ဟောင်းဝပ်နဲ့ မက္ကဆီကို ဂိုးသမား အိုချိုအာတို့ပုံတွေ ပုံဖော်ပေးခဲ့ပါတယ်။ Rob the original ဆံသဆိုင်ပိုင်ဆိုင် ရော့ဖာရယ်ဟာ ပြီးခဲ့တဲ့ (၈)နှစ်လောက်တုန်းက တက်စ်ဆက်က ဆံပင်ညှပ်ဆိုင် တစ်ဆိုင်မှာ အလုပ်လုပ်ခဲ့တာပါ။ အဲဒီအချိန်မှာ ဒေသခံ လူငယ်တွေက ဆံပင်ဒီဇိုင်း ပုံဖော်ပေးဖို့ သူ့ကို ပြောလာကြရင်းနဲ့ အခုလို စလုပ်ဖြစ်သွားတာပါ။
''အစတုန်းက ရိုးရိုးရှင်းရှင်း ဒီဇိုင်းတွေပဲ ပုံဖော်ပေးတာပါ။ နောက်တော့ သူတို့တွေက ကျွန်တော့်ဆီကို ဓာတ်ပုံတွေ ယူလာပြီး အဲဒီပုံထဲကအတိုင်း သူတို့ဆံပင်ကို ပုံဖော်ပေးဖို့ ပြောကြပါတယ်''လို့ ဖာရယ်က ဆိုပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit : yoyarlay