ကိုယ်ဝန်ဆောင်ချိန်မှာ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေကို မပြုလုပ်ရဘူးလို့ အယူအဆ တစ်ရပ်ရှိခဲ့ပေမယ့် ခေတ်သစ်ဆေးပညာ မှာတော့ ဆရာဝန် တွေရဲ့ အကြံပေးချက်အတိုင်း သင့်လျော်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်လို့ ရနေပြီဖြစ်ပါတယ်။

 အမေရိကန် ပြည်ထောင်စုမှာရှိတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေဟာ မွေးဖွားခါနီးအချိန်မှာတောင် ပြင်းထန်တဲ့ ကာယလေ့ကျင့်မှု အစီအစဉ်တွေ ပြုလုပ်လေ့ရှိပါတယ်။ ကိုယ်ဝန်ဆောင် ကာလမှာ အလေးမခြင်းကိုတောင် ပြုလုပ်ခဲ့သလို အခုလည်း ပြေးပွဲကိုဝင်ရောက် ဆင်နွှဲခဲ့တဲ့သူ ပေါ်ထွက်လာပြန်ပြီဖြစ်ပါတယ်။ အမေရိကန်အပြေး ကစားသမား မွန်တာနိုဟာ  ကိုယ်ဝန်(၃၄) ပတ် လွယ်ထားချိန်မှာ မီတာ (၈၀၀) ပြေးပွဲ ၀င်ရောက် ယှဉ်ပြိုင်ခဲ့လို့ အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။


 မွန်တာနိုဟာ အမေရိကန်ရဲ့ အကျော်ကြားဆုံး အပြေးသမားတစ်ဦးဖြစ်ပြီး ၂၀၁၂ လန်ဒန် အိုလံပစ်ပြိုင်ပွဲကိုလည်း ၀င်ရောက် ယှဉ်ပြိုင်ခဲ့ဖူး ပါတယ်။ အသက် (၂၈) နှစ်အရွယ်ရှိပြီဖြစ်တဲ့ မွန်တာနိုဟာ ကိုယ်ဝန် (၃၄) ပတ်ဆောင်ထားချိန်မှာ မီတာ (၈၀၀) အဝေး ပြေးပြိုင်ပွဲကို စံချိန် (၂ မိနစ်၊ ၃၂ ဒသမ ၁၃) စက္ကန့်နဲ့ ပြေးသွားပြီး သူ့ရဲ့အကောင်းဆုံး စံချိန်ထက် (၃၅)စက္ကန့် ပိုမိုများပြားခဲ့ပေမယ့် အခုလောက် စွမ်းဆောင်နိုင်မယ်လို့ ဘယ်သူကမှ ထင်မှတ် ထားခြင်းမရှိပါဘူး။ မွန်တာနိုဟာ ဆရာဝန်ရဲ့ခွင့်ပြုချက်နဲ့ ပြေးပွဲကို ၀င်ရောက် ဆင်နွှဲခင်းဖြစ်ပါတယ်။

မွန်တာနိုက ကိုယ်ဝန် ဆောင်စဉ် ကာလအတွင်းမှာ လေ့ကျင့်ခန်းတွေ ပိုလုပ်ဖြစ်ပါတယ်။ မိခင်နဲ့ကလေးအတွက် အကောင်းဆုံးဖြစ်အောင် ပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ အရာအားလုံးဟာ ပုံမှန်ပဲ ရှိပါတယ်။ ပြီးခဲ့တဲ့ပြေးပွဲမှာ ကျွန်မဟာ ကိုယ်ဝန်လွယ်ထားရပေမယ့် အကောင်းဆုံးလုပ်နိုင်ခဲ့တယ်လို့ ခံစားမိပါတယ် လို့ ပြောခဲ့ပါတယ်။ ကိုယ်ဝန် ဆောင်ချိန်မှာ လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ မွေးဖွားရာမှာ အထောက်အကူဖြစ်စေတယ်လို့ ဆရာဝန်တွေက အကြံပြုထားပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်း တွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း သတိထားပြုလုပ်ဖို့လိုတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: The Messenger
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top