ဘရာဇီးလ်နိုင်ငံမှာ အချိန်တစ်လကျော်ကြာအောင် လက်ခံကျင်းပနေတဲ့ ကမ္ဘာ့ဖလား ပွဲနဲ့ပတ်သက်ပြီး တစ်ကမ္ဘာလုံးမှာရှိတဲ့ ဘောလုံးခရေစီဖြစ်သူတွေက ပြိုင်ပွဲစဉ် တွေကို ကြည့်ရှုပြီးတော့ ရူးသွပ်တဲ့စိတ်ခံစားမှု အပြုအမူတွေဖြစ်ပျက်နေကြတာကို နေ့စဉ်နဲ့ အမျှကြားသိနေရပါတယ်။ 

သိပ်မကြာသေးခင်တုန်းကလည်း ဥရုဂွေး အသင်းမှ ၀င်ရောက်ကစားတဲ့ ဘောလုံးအကျော် လူးဝစ်ဆွာရက် က အီတ လီနောက်ခံအသင်းသား ဂျော်ဂျီရို ချီလီရဲ့ ဖခုံးကိုကိုက်လိုက်တယ်ဆိုတဲ့ သတင်းက အတော်လေး ဟိုးလေးတကျော်ဖြစ်ခဲ့တယ်လေ။ ဒါကြောင့် လည်း သူ့ရဲ့ နောက်ဆက်တွဲအကျိုးရလာဒ်က နစ်နာကြေးငွေများစွာ ပေးလိုက်ရတဲ့ အပြင် ဘောလုံးကစားခွင့် လေးလပိတ်သိမ်းခံခဲ့ရပါတယ်။ ဒါကတော့ ကမ္ဘာ့ ဖလား ဘောလုံးပြိုင်ပွဲကြီးရဲ့ အလွဲရယ်စရာ ပျက်လုံးတွေကြားက တစ်ခါပါပဲ။


ဒီဘောလုံးပြိုင်ပွဲကြီးကို ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ ပရိသတ်သန်းပေါင်းများစွာက ကွင်းထဲမှာသော်လည်းကောင်း၊ အမိနိုင်ငံရဲ့ ဂြိုဟ်တု ဖမ်းစက်နဲ့ ဖမ်းယူကြည့် ရှုနိုင်သောတီဗီဖန်သားပြင်ပေါ်မှာသော်လည်းကောင်း တစ်ခဲနက် အားပေးကြည့်ရှု ကြပါတယ်။ ဒီ ပြိုင်ပွဲကြီးကိုလိုက်ပြီးတော့ တချို့ စီးပွားရေးသမားတွေလည်း အလုပ် ဖြစ်သွားကြပါတယ်။  ပရိတ်သတ်တွေက ကိုယ်ကြိုက်နှစ်သက်တဲ့ အသင်းဘက်က နေကြေးနဲ့ လောင်းကစားလုပ်ကြတာတွေကြောင့်ပါ။

လောင်းကစားလုပ်တဲ့ ပရိတ်သတ်တွေ သန်းပေါင်းများစွာ အကြားမှာ  အာကာသ ကအမေရိကန် အာကာသယာဉ်မှူးတွေလည်းပါ ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေး နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲကြောင့် သူတို့တွေလည်း ခွက်ခွက် လန်လန်အောင် ရှုံးသွားကြတယ်လို့ ချဲ့ကားပြောပါမယ်။ ဒါကတော့ လှောင်ပြောင်လိုက်တဲ့ သ ဘောရိုးနဲ့ပါ။ ယာဉ်မှူးတွေအတွက် ပွဲစဉ်ကိုအချိန်ပြည့် ဖမ်းယူကြည့်ရှုနိုင်အောင် လုပ်ပေးထားတာက အတော်လေး ဆိုးရွားသွားတယ်လို့ ဆိုရမလားပါပဲ။

အမိမြေ အမေရိကန်နဲ့ ဂျာမနီအသင်းတို့ ယှဉ်ပြိုင်တဲ့ပြိုင်စဉ်ရ လာဒ်ကြောင့် သူတို့တွေ ခေါင်းရိတ်လိုက်ရတဲ့ အထိပါပဲ။ ပွဲမှာ အမေရိကန်အသင်း နိုင်ကို နိုင်ရ မယ်ဆိုတဲ့ဆိုခဲ့ကာ နိုင်ငံတကာ အာကာသယာဉ်မှူးတွေဖြစ်တဲ့ အမေရိကန်နိုင် ငံသား စတိဗ်စွမ်စန်နဲ့ ၀ိရက်ဝက်စ်မန်တို့က ဂျာမနီအသင်းဘက်က အားပေးသူ ဥရောပအာကာသ အေဂျင်စီက အဲလက်ဇဒါး ဂရက်နဲ့ ရှုံးသူကခေါင်းရိတ်ကြေး ဆိုပြီး လောင်းကြေးထပ်ခဲ့တယ်ဆိုပဲ။ ပြိုင်ပွဲမှာ ဂျာမနီအသင်းက နိုင်သွား ခဲ့တယ် ဆိုတော့ အမေရိကန်အာကာသယာဉ်မှူးတွေကို ခေါင်းရိတ်ဖို့ ဥရောပ အာကာသ ယာဉ်မှူးက အသင့်ဖြစ်လို့နေပါပြီ။

 “ဒါက ငြင်းဆန်လို့မရတော့ပါဘူး။ ပြိုင်ပွဲရဲ့ ရလာဒ်ကိုလက်ခံနိုင်ရဲသလို လောင်း ကြေးကိုလည်းလက်ခံရမှာပါ။ ပြောင် နေအောင်ကို ရိတ်လိုက်ပါစေတော့လေ။ ယောက်ျားစကားတည်ရမှာပေါ့။ ပြုံးပြုံးကြီးကို ခေါင်းထိုးပေးလိုက်ဦးမယ်။ အခုတော့ ကျွန်တော်တို့ သုံးယောက်စလုံး ခေါင်းတုံး တွေဖြစ် သွားပြီပေါ့ အားလုံးအဖော် ရသွားပြီလေ” လို့ သူတွေက ရယ်ပြုံးပြီး ပြောကြ ပါတယ်။ သူတို့တွေရဲ့ နောက် ပြောင်ကျီစယ်နေကြတဲ့ဒီလိုပုံတွေကို အာကာသစခန်းကနေမှ တဆင့်မြေပြင် ဂြိုဟ်တုစခန်းသို့ပေးပို့လိုက်တာဖြစ်ပါတယ်။



Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top