အင်္ဂလန်နိုင်ငံ ဝေလပြည်နယ်တွင် ကမ္ဘာ့အကြီးဆုံးနှင့် ပထမဆုံးသော မြေအောက်ပတ္တူဖျင်ချပ် ကစားကွင်းကြီးကို ဇွန်လိုင်က ၃ရက်တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။

၎င်းကစားကွင်းသည် မြေအောက်သင်ပုန်းကျောက်ဂူကြီးတစ်ခုအတွင်းတွင် တည်ဆောက်ထား ခြင်းဖြစ်ပြီး စိန့်ပေါလ်ကတ်သီဒရယ် ဘုရားကျောင်းကြီး၏ နှစ်ဆရှိသည်။ ၎င်းမြေအောက်ကစားကွင်းသို့ တစ်နာရီကြာ ရထားဖြင့်သွားရပြီး လိုဏ်ဂူထဲတွင် ဧရာမပတ္တူဖျင်ချပ်ကြီးသုံးခု အဆင့်ဆင့်ထားရှိကာ တစ်ဆင့် မှတစ်ဆင့်သို့ ပေ ၆၀ အရှည်ရှိသည့် လျှောများဖြင့် ကူးလူးသွားလာနိုင် သည်။

မီးရောင်စုံများဖြင့် အလှဆင်ထားသော ၎င်းမြေအောက်ကစားကွင်း ကို ပေါင်တစ်သန်းရင်းနှီးမြှုပ်နှံကာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွား များကို ဆွဲဆောင်နိုင်မည့် နေရာတစ်ခု ဖြစ်လာနိုင်သည်။ ၎င်း Bounce Below မြေအောက်ကစားကွင်းပိုင်ရှင်က ကျွန်တော့်ရဲ့ စီးပွားဖက်တစ် ယောက်က သစ်တောထဲမှာ ပတ္တူဖျင်ချပ်ကြီးတွေနဲ့ လူတွေဆော့ကစားလို့ ရအောင်လုပ်တယ်ဗျာ။

အဲဒါမှာ ကျွန်တော်လည်း ဒါမျိုးကို လိုဏ်ဂူထဲမှာ မတွေ့ဖူးသေးဘူးဆိုပြီး အကြံရလိုက်တာပဲ ဟုဆိုသည်။ ပတ္တူဖျင်ချပ်ကြီး များပေါ်တွင် ခုန်ပေါက်ဆော့ကစားမည့် သူများကို ခေါင်းဆောင်းနှင့် အကာအကွယ်ဖြစ်စေမည့်အရာများကိုဝတ်ဆင်စေပြီးမှသွားရောက်စေ ခြင်းဖြစ်ပြီး
 မြေအောက်လိုဏ်ဂူအတွင်းရှိ ပတ္တူဖျင်ချပ်ကြီးများပေါ်တွင် ဆော့ကစားနေသူများကို ဖျင်ချပ်ကြီးများအပြင်သို့ ကျော်ထွက်မသွားနိုင်စေ ရန်အတွက် ၁၀ ပေနီးပါးရှိ ပိုက်ကွန်များနှင့် ကာရံပေးထားသည်။

တစ်ဆင့်မှ တစ်ဆင့်သို့ ဆင်းရာတွင် ပေ ၆၀ ရှိသည့် လျှောများကို ပြုလုပ်ပေးထားပြီး အပေါ်သို့ ပြန်တက်လိုပါကလည်း ပတ္တူဖျင်ချပ်တစ်ခုနှင့် တစ်ခုကြား၌  လူသွားလမ်းများ ပြုလုပ်ပေးထားသည်။ ပတ္တူဖျင်ချပ် ပထမအဆင့်သည် မြေအောက်ပေ ၂၀ အကွာ၊ ဒုတိယအဆင့်သည် မြေအောက်ပေ ၆၀ အကွာနှင့် တတိယအဆင့်သည် မြေအောက်ပေ ၁၈၀အကွာတွင် ပြုလုပ်ထားခြင်းဖြစ်သည်။

ဖိုးသူတော်(www.phothutaw.com)
Credit : swesonemedia
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top